မာန်အောင် ရမ်းဗြဲကိုဇက်ရေယဉ်ပြေးဆွဲးမည်…………

မာန်အောင် ရမ်းဗြဲကိုဇက်ရေယဉ်ပြေးဆွဲမည်…………
aungkaungzaw.blogspot.com
အောင်ကောင်းဇော် (မာန်အောင်) ဖေဖဝါရီ ၁

မာန်အောင် -ရမ်းဗြဲ ကို ၂၀၂၀/၂၀၂၁ ခုနှစ်တွင် ဇက်ရေယဉ် တစ်ခု ပြေးဆွေး နိုင်ရန် အစိုးရအနေဖြင့် စီစဉ်ဆောင်ရွှက် လျှက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ဇက် ပြေးဆွေးမှု့ကိုမာန်အောင် -ရမ်းဗြဲ အနီးဆုံးနေရာ တစ်ခုဖြစ်တဲ့ ရမ်းဗြဲ မြို့နယ် ဦးဂကမ်းခြေ နှင့်မာန်အောင် သိမ္ဗအုပ်စု ဇီးတော ကမ်းခြေ မှာ ဇက်ရေယဉ်ကပ်မည့်ဆိပ်ကမ်းနေရာ ပြုလုပ်ဖို့ သတ်မှတ်ထားတယ်ဟု မာန်အောင်မြို့နယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုဟ်စလှယ် ဦးဖိုးနွဲ့ကဆိုပါ တယ်။
"ဇက်ဆိပ်ကတော့ ရမ်းဗြဲမှာဆို ဦးဂကမ်းခြေ ပေါ့အောင်မှာဆို ဇီးတောကမ်းခြေမှာ ဇက်ရေယဉ် ရလာရင် မာန်အောင်ဒေသအတွက်လကုန်တင်ကုန်ချ  အဆင်ပြေလာမယ် ကုန်ဈေးနှုန်းတွေ တန်လာမယ် ပေါ့ အစိုးရ အနေနှင့်ကတော့ ၂၀၂၀ /၂၀၂၁မှာ လုပ်ဆောင်နိုင်အောင် စီစဉ်နေတယ်ဟု သူကဆိုပါတယ်။
အဆိုပါ ဇက်ရေယဉ်မှာ ကမ်းရိုးတန်းဇက်ရေယဉ်အမျိုးအစားဖြစ်ပြီး အလျှား ပေ ၂၀၀ အနံ ပေ၅၀ ဝမ်းဗိုက် အနက်ပေ ၁၀ ရှိပြီးအစိုး ရအနေဖြင့် လက်ရှိတည်ဆောက်လျှက် ရှိကြောင်းသိရှိရသည်။
မာန်အောင်မြို့ အနေဖြင့်ရေကြောင်းကိုအဓိက ထားသွားလာနေရဒါဖြစ်ပြီး အစိုးရ အနေဖြင့်ဇက်ရေယဉ် ပြေးဆွေးပေးခြင်း ပြုလုပ်ပေးဒါထက် အချိန်းမရွှေး သွားလာပြေးဆွေး နိုင်မဲ့ကမ်းရိုးတန်း ရေယဉ်တစ်ခု လုပ်ဆောင်ပေးမယ် ဆိုလျင် မာန်အောင်ပြည်သူများအတွက် ပိုအဆင်ပြေလာမယ် ထင်တယ်ဟု ဒေသခံ တစ်ဦးက အကြံပြု ပြောဆိုပါတယ်။

"မာန်အောင်ရမ်းဗြဲကိုဇက်ပြေးဆွေးမယ်ဆိုတော့ စီးပွားရေး လုပ်သမားတွေ အတွက်အဆင် ပြေမယ် သေချာစဉ်းစားတော့ ဇက်ဆိုဒါထက် ကျနော်တို့မာန်အောင်မှာ လိုဒါက အချိန်မရွှေး သွားလာနိုင်တဲ့ အမြန်ယဉ်တစ်စီးလောက်ကို လုပ်ဒါပိုကောင်း မယ်လို့ မြင်တယ်ဟု" သူကဆိုပါတယ်။ 
ယခုအခါ မာန်အောင်တွင် ပုဂ္ဂလိကပိုင် အမြန်ရေယဉ်အဖြစ် ရွှေလင်းယုန် ရွှေပြည်တန်တို့မှာ အဓိကထား ပြေးဆွေးနေကြပြီး ကုန်စဉ်တင်ဆောင်ရေးအတွက် အစိုးရပိုင် အောင်တံကွန် သင်္ဘော ပုဂ္ဂလိကပိုင် ရေလှိုင်းပြာ စသော သင်္ဘောဘုတ်များဖြင့်သယ်ယူလျှက် ရှိပြီး ကုန်ပျက်စီးမှု့တွေရှိတယ်ဟု ကုန်စုံဆိုင် ရောင်းချသူ ကိုခင်မောင်ကျော်က ကဆိုပါတယ်။

"အခုက အောင်တံခွန်သဘောင်္ရေလှိုင်းပြာဘုတ် တွေ နှင့် ကုန်ပစ္စည်းတွေကိုသယ်ယူတယ် မာန်အောင်ကို ပစ္စည်းတစ်ခုရောက်ဖို့အတွက် ကုန်းလမ်း ရေလမ်း နှစ်တန်လာမှ ရောက်တယ်  ပစ္စည်းက အတင်အချ များတော့ ပျက်စီးမှု့များတယ် အခု ဇက်နှင်သာ မာန်အောင်ကို တိုက်ရိုက် ရောက်မယ်ဆိုတော့ သေအတွက် အဆင်ပြေတယ် ဒါပေမဲ့ အစိုးရ ပေးတဲ့ ဇက်ရေယဉ်ကလဲ အဆင်ပြေပြေ သွားလာ နိုင်ဖို့ လိုတယ်ဟု"သူကဆိုပါတယ်။


အဆိုပါ အတွက် အစိုးရ အနေဖြင့်ကမ်းရိုးတန်းသွား ဇက်ယေယဉ် တစ်စီးကို တည်ဆောက်လျှက် ရှိပြီး ဇက်ရေယဉ် ပြီးစီးသည်ဟု ဆိုလျှင် ပြည်နယ်အစိုးရ နှင့်တိုင်ပင်ကာ ဇက်ရေယဉ် ပြေးဆွေးရေးအတွက် ဆိပ်ကမ်း များကို ပြည်နယ်အစိုးရ ရံပုံငွေဖြင့် လုပ်ဆောင်ရန် စီစဉ်ပေးသွားမှာ ဖြစ်ပြီး ဇက် ပြေးဆွေးမှု့ ကိုတော့ အစိုးရ အနေဖြင့်ပြေးဆွေးဒါမဟုတ်ဘဲ ပုဂ္ဂလိက ပိုင်ပြေးဆွေဖို့ အတွက် ပေးအပ် ဆောင် ရွှက် သွားဖို့ ရှိတယ်ဟု ဆက်သွယ်ရေးနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်မျိုး က၂၀၁၉ ဒီဇင်ဘာ လ ဆိုလာ စက်ရုံ ဖွင့်ပွဲတွင် ဒေသခံများကို ပြောဆိုထား ပါတယ်။


Comments