ဂဏန် ဝယ်ယူမှု့မရှိဒါကြောင့် ဂဏန်မွှေးမြူရေး လုပ်သားအဆင်မပြေသလို အငှားလုပ်သားတွေလဲ အခက်တွေ့နေ…………

ဂဏန် ဝယ်ယူမှု့မရှိဒါကြောင့် ဂဏန်မွှေးမြူရေး လုပ်သားအဆင်မပြေသလို အငှားလုပ်သားတွေလဲ အခက်တွေ့နေ…………

အောင်ကောင်းဇော် (မာန်အောင် )ဖေဖဝါရီ ၁၃ ရမ်းဗြဲ သတင်း

တရုတ်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသောကိုရိုနာ ဗိုင်းယပ်ရောကာကြောင့် မြန်မာ နိုင်ငံအတွင်းမှ  ဂဏန်းဝယ် ယူဒိုင် တွေ အနေဖြင့် မှု့တွေကို ရပ်တန့်ထားဒါကြောင့် aungkaungzaw.blogspot.comဂဏန်းမွှေးမြူရေး လုပ်သူတွေ အဆင်မပြေသလို ဂဏန်းကန်အငှါး လုပ်သူတွေ အနေဖြင့်လဲ စားဝတ်နေရေးအဆင်မပြေမှု့တွေ ရှိနေတယ်ဟု သိရပါတယ်။

ယခင်က ဂဏန်း တစ်ကီလိုကို ၁၂၀၀၀ အထိ ဈေးရှိခဲ့ပြီး ယခုအခါ ဂဏန်ကိုဝယ်ယူသူ မရှိဒါကြောင့် ဂဏန်းကန် ပိုင်ရှင်များ အနေဖြင့် ရပ်တည်ရန် အခက်တွေ့နေရပြီး လုပ်သားငှားမှု့မပြုလုပ်နိုင်ဒါကြောင့်  သူတို့ကို မှီခိုစားသောက်နေသော သူတွေလဲ အခက်တွေ့နေရတယ်ဟု ဂဏန်းမွှေးမြူရေး လုပ်ကိုင်သူက ဆိုပါတယ်။

"ဦးမင်းနိုင် က ကျနော်တို့ အရင်တုန်းက ဂဏန်း တစ်ကီလိုကို ၁၂၀၀၀ လောက်ထိ ရခဲ့တယ် အခုတော့ ငွေရှိသူတွေက ပြန်မွေးစားဖို့အတွက် တစ်ကီလိုကို ၄၀၀၀ လောက်နှင့် ဝယ်နေတယ်ကြားတယ် ကျနော် တို့အတွက် အဆင်မပြေဘူး လုပ်သားခ ဘာညာဆိုဒါက ရှိသေးတယ် ဒီအတိုင်းသာ နောက်ထပ် ဖြစ်နေ မယ်ဆိုရင် လုပ်ငန်းကို ရပ်တန်းရမဲ့သဘောရှိတယ်ဟု"ဆိုပါတယ်။

ယခင်က ဂဏန် ကန်တစ်ခုတွင် အငှားသမား ၂ ယောက် ၃ယောက်အသုံးပြုနေရပြီး ဂဏန်းမွှေး မြူသူတွေ အဆင်မပြေဖြစ်ဒါကြောင့် ဂဏန်းကန်တွင် အလုပ်လုပ်သူများ အနေဖြင့်လဲ လစာ နည်းပါးပြီး မိသားစု စားဝတ်နေရေး တွေ နှင့်အဆင်မပြေဖြစ်လာတယ်ဟု ဆိုပါတယ်။

ကိုဝင်းဦးက "ကျနော်တို့ စားဝတ်နေရေးက သူတို့ အဆင်ပြေရင် ကျနော်တို့လဲ အဆင်ပြေတယ် သူတို့ အဆင်မပြေ ရင်ကျနော်တို့လဲ အဆင်မပြေဘူးပေါ့ အရင်တုန်းက ကျနော်တို့ တစ်လကို ၂၂၀၀၀၀ လောက်ရတယ် အခု ၁၈၀၀၀၀ ဘဲရတယ် အခြားအလုပ် ပြောင်းလုပ်မှာကလဲ အလုပ်ကလဲ မရှိဘူး ပြီးတော့ ဒီအလုပ်က ကျနော် တတ်ကျွမ်းတဲ့အလုပ်ဆိုတော့ ပိုအဆင်ပြေတယ်ပေါ့"

အပြင်ဂဏန်းရှာဖွယ်လုပ်ကိုင်သူများ အနေဖြင့်လဲ ဂဏန်းဝယ်ယူမှု့ မရှိဒါကြောင့် အလုပ်လက်မဲ့ဖြစ်နေသ ပြီး ဆန်ဈေးတွေ ထိုးတက်နေဒါကြောင့် တစ်နေ့တစ်နေ့ မိသားစု လေးယောက် စားဝတ်နေရေးကို မနည်း ရုန်းကန်နေရတယ်ဟု ဆိုပါတယ်။
ဦးမောင်တင်ရွှေက"ကျနော်တို့ ဖက်ကြပ်ရွာက အရင်တုန်းက ဂဏန်းဝယ်ယူတုန်းက စားဝတ်နေရေး အဆင်ပြေတယ် အခုကဝယ်မဲ့သူတွေ မရှိတော့ စားဝတ်နေရေးတွေ အခက်တွေ့နေတယ် ဆန်းဈေးတွေ ကလဲတက်တော့ မိသားစု စားဝတ်နေရေးလဲ အဆင်မပြေဘူး ဂဏန်း မလုပ်ရဘူးဆိုတော့ အလုပ်လဲ မရှိဘူး ထင်းတွေ ဘာတွေခုတ်ရောင်းမှာကလဲ အဆင်မပြေဘူးဟု "ဆိုပါတယ်။


ရမ်းဗြဲ မြို့နယ် အတွင်းရှိ ကျေးရွာ ၄၀ ကျော်လောက်မှာ ဂဏန်း ပုဇွန် မွေးမြူရေးကို အဓိက ထား လုပ်ကိုင် နေကြပြီး ယခု ကဲ့သို့ ဂဏန်း ဝယ်ယူမှု့ကို အကြာကြီး ရပ်နားထားမည် ဆိုလျှင် ဒေသနေပြည်သူများ အတွက် အခက်တွေ့လာနိုင်ပြီး ဂဏန်းကာရီ တစ်လုံးကို ငွေ ကျပ် သိန်း ၂၀၀ ကျော် ကုန်ကျ ရင်းနှီး ထားသူအနေဖြင့်လဲ အဆင်မပြေဖြစ်လာနိုင်ပြီး ပြည်ပထွက် အလုပ်လုပ်ကိုင် ရမှာဖြစ်တယ်ဟု ဆိုကြပါတယ်။

Comments