မာန်အောင် ကျွန်းပတ်လမ်းရှိ ကမားချောင်း တံတားအား အသစ်တည်ဆောက်ပေးရန် ဒေသခံများ လိုအပ်……

မာန်အောင် ကျွန်းပတ်လမ်းရှိ ကမားချောင်း တံတားအား အသစ်တည်ဆောက်ပေးရန် ဒေသခံများ လိုအပ်……


အောင်ကောင်းဇော် မာန်အောင် ဇန်နဝါရီ ၃၁ /၂၀၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့ ကျွန်းပတ်လမ်း မကြီးအတွင်းရှိကမားချောင်းတံတားကြီးအား အသစ်တည် ဆောက်ပေးဖို့ရန်အတွက်ကို ဒေသခံများ အနေဖြင့်လိုအပ်လျှက်ရှိတယ်ဟု သိရှိရသည်။
အဆိုပါ တံတားမှား အလျှားပေ ၂၅၀ ရှည်လျှားပြီး မာန်အောင်ဒေသခံများအတွက် စီးပွားရေး ပညာကျန်းမာ ရေးစသည့်အတွက် အသုံးပြုသွားလာနေကြရခြင်း ဖြစ်ပြီး  တံတား၏ အောက်ခြေ တိုင်းများမှာ  ခိုင်မာမှု့ မရှိဒါကြောင့်ထိုတံတားအား ပြုပြင် မွှန်းမံ လုပ်ဆောင် နေမဲ့ အစား တံတားသစ် တစ်စင်း အမြန် တည်ဆောက်ဖို့ ရန် လိုအပ်နေတယ်ဟု ကမားကျေးရွာဒေသခံဦးဝင်းဖေကဆိုပါတယ်။
"ဒီတံတားက အသစ်တည်ဆောက်ဖို့ လိုနေပြီ ဘာလို့လဲ ဆိုတော့ဒီတံတားမှာ ရှိတဲ့ အောက်ခြေ တိုင်တွေက ဘိလပ်မြေ တိုင်တွေ နှစ်တွေ ကြာလာတော့ ကွဲအက်လာပြီ မွှန်းမံ လုပ်ဆောင်နေလဲ အပိုဘဲလို့မြင်တယ် ရာရီသဘောမျိုးသာ ရနှိင်မယ် အသစ် လုပ်ဆောင်ပေးဖို့ သင့်နေပြီဟု "သူကဆိုပါ တယ်။
ယခုအခါ ခရီးသွားများ အနေဖြင့် အဆိုပါတံတား မှာ ကြောက်စရာ အကောင်းဆုံး တစ်ခုဖြစ်နေပြီး ခရီးသွား များအဆင်ပြေ ချောမော့စွာ သွားလာနိုင်စေဖို့ အတွက် တံတားကောင်းတစ်စင်းကို တည်ကောင်ပေးလျှင် ပိုအဆင်ပြေစေမှာဖြစ်တယ်ဟု ပြင်ကောက်ကျေးရွာမှ မာန်အောင်မြို့သို့ လိုင်းကားပြေးဆွေးနေသူ ဦးတင်မောင်လတ် ကလဲ အစိုးရ အနေဖြင့်တံတားသစ်တည်ဆောက်ပေးစေချင်တယ်ဟုဆိုပါတယ်။
"အခုဒီတံတားက အရမ်းအန္တရယ်များနေတယ် ဆိုင်ကယ်တွေဆိုလဲ ဆင်းတွန်းပြီး သွားရတယ် လက်ကိုင် တန်းတွေလဲမရှိဘူး ကားဘီးချရဒါတွေလဲ အဆင်မပြေတော့ဘူး တံတားသစ် တည်ဆောက်ပေးရင် ဒေသခံပြည်သူသွားလာရေး အတွက် ပိုကောင်း မယ် ဟုသူကဆိုပါတယ်။
ယခုအခါ အစိုးရအနေဖြင့်အဆိုပါတံတားကို   တံတားအပေါ်ပိုင်းအား သံဘောင် တင်ခြင်း နှင့် ကြမ်းခင်း အသစ်ခင်းခြင်းများကို  ပြန်လည်ပြုပြင်ရန် လုပ်ဆောင် နေ တယ်ဟု ကမားကျေး ရွာ အုပ်ချုပ်ရေးမှူး ကဆိုပါ တယ်။
"အခုကတော့ အစိုးရနေဖြင့်ဒီတံတားကို သံဘောင် တင်ခြင်းနှင့်ကမ်းခင်းအသစ်တွေ ခင်းဖို့လုပ်နေ တယ် ပစ္စည်တွေ မစုံသေးလို့ မလုပ်ရသေးဒါဖြစ်တယ်ဟု သူကဆိုပါတယ်။
အဆိုပါတံတားတည်ဆောက်ထားသည်မှာ နှစ်ပေါင်း ၁၀ ကျော် ကြာမြင့်နေဒါဖြစ်ပြီး အောက်ခြေ ခိုင်မာမှု့ မရှိဒါကြောင့် ဒေသခံများ အနေဖြင့်အသစ်တည်ဆောက်ရန် လိုအပ်နေဒါဖြစ်သလို မိုးတွင်းရာသီ တွင် တံတားပျက်စီမှု့ ရှိကာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှာကိုလဲ ဒေသခံများ အနေဖြင့်စိုးရိမ်နေဒါ လဲဖြစ်ပါတယ်။
အဆိုပါတံတားကို ကျန်းမာရေး ပညာရေး ကုန်သွယ်ရေး စသော အခန်းကဏ္ဍများကို အဓိက ထားပြီး  မာန်အောင်မြို့ သို့ ကျေးရွာ  ၃၀ ကျော်လောက်က သွားလာနေရဒါဖြစ်သလို မာန်အောင် ကျွန်းပတ်လမ်း အတွက်မရှိမဖြစ်လိုအပ်သော တံတားတစ်စင်ဖြစ်တယ်ဟုလဲ သိရှိရသည်။aungkaung

Comments