လေယဉ်ကွင်း လျှော်ကြေးငွေ မယူသေးသော မြေများကို အခြားအသုံးပြုနည်း လျှောက်ကာ မြေသိမ်း မြေယူမှု့ ပြုလုပ်နှိင်ရန်ဆောင်ရွှက်နေ…………
အောင်ကောင်ဇော် ( DEMEMBER 8)
မာန်အောင်လေယဉ်ကွင်း ပြေးလမ်း ပေ ၇၀၀၀ ထဲတွင်ပါဝင်ပြီး အစိုးရ လျှော်ကြေးငွေ မယူသေးသော မြေယာ များကို လေယဉ်ကွင်းတိုးချဲ့လုပ်ကိုင်စေနှိင်ရန်အတွက် လယ်ယာမြေကို အခြားအသုံးပြုနည်းလျှောက်ထားကာ မြေသိမ်း မြေယူမှု့ပြုလုပ်နှိင်စေရန်အတွက် ပြုလုပ်ဆောင်ရွှက်လျှက် ရှိကြောင်းသိရှိရသည်။
အဆိုပါလေယဉ်ကွင်းပြေးလမ်း ပေ၇၀၀၀ တွင် ပါဝင်ပြီး လူဦးရေ ၃၂ ဦး အနက် နှစ်ဦးမှာ အစိုးရပေးလျှော်ကြေး ငွေနည်းပါးသည်ဟု ဆိုကာ လျှော်ကြေးငွေ မသေးဘူးဖြစ်နေခြင်းကြောင့် လေယဉ်ကွင်းတိုးချဲ့လုပ်ကိုင် ရန်ကိစ္စ မှာ ရပ်ဆိုင်းနေမှု့ရှိနေပြီး အဆိုပါလေယဉ်ကွင်းကိုဆက်လက်လုပ်ကိုင်နှိင်ဖို့အတွက်ကို လျှော်ကြေးငွေ မယူသေးသော သူနှစ်ဦး ၏ မြေယာများမှာ လယ်ယာမြေ များဖြစ်နေသောကြောင့် လယ်ယာမြေကိုအခြားအ သုံးပြုနည်း လျှောက်ထားကာ မြေသိမ်း မြေယူမှု့ပြု လုပ်နှိင်ရန် အတွက်ကို လေကြောင်းဦးစီးဌာနအနေဖြင့် စီ စဉ်ဆောင်ရွှက်လျှက် ရှိနေတယ်ဟု မာန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ် ရေး မှူး ဦးမြင့်လှိုင် ကဆိုပါတယ်။
" ကျနော်တို့ လေယဉ်ကွင်းကိစ္စ နှင့်ပတ်သက်ပြီး လေယဉ်ကွင်းပြေလမ်း ကို ပေ၇၀၀၀ လို့ သတ်မှတ်ထားပါတယ် ဒီပြေးလမ်း ၇၀၀၀ ထဲမှာ မြေယာပါဝင်သူ ၃၂ ဦး ရှိခဲ့ပြီး လူဦးရေ ၂၉ ဦးကတော့ လျှော်ကြေးငွေ ယူထားပြီးပါပြီး ၃ ဦးကျန်ဒါမှာ တစ်ဦးကလဲ ယူထားပြီးပါပြီ နှစ်ဦးဘဲ ကျန်ပါတော့တယ် အခု ဒီကိစ္စ နှင့်ပတ်သက်ပြီး ဆောင်ရွှက်ထား ချက် ကတော့ လေကြောင်းဦးစီး ဌာနအနေနှင့် လယ်ယာမြေ အခြားအသုံးပြုနည်းလျှောက်ထားပြီးဖြစ်ပါတယ် အဲဒီ တော့ ကျနော်တို့ ဆက်လုပ်ရမှာက ကန့်ကွက်လွှာ တစ်လခေါ်မယ် ကန်ကွက်လွှာ ခေါ်ပြီးတော့ လယ်ယာမြေ ဗဟို ကော်မတီ ကိုတင်မယ်ပြီးတော့ လေယဉ်ကွင်းအတွက် မြေသိမ်း မြေယူမှု့ ပြုလုပ်ဖို့ကို ဆောင်ရွှက် ထားတယ်ဟု "သူကဆိုပါတယ်။
အဆိုပါ ဒေသခံ နှစ်ဦး အနေနှင့် နစ်နာမှု့ မရှိစေရန်အတွက် မာန်အောင်မြို့ နယ် လွှတ်တော် ကိုယ်စလှယ် များ အနေနှင့် မြေနေယာ ပြောင်းရွှေ့ စရိတ်အတွက် ကူညီပေးမည်ဟု သွားရောက် ညှိနှိုင်းခဲ့သော်လဲ ဒေသခံ နှစ်ဦး အနေနှင့် လက်ခံ ခဲ့ခြင်း မရှိဘူးဟု ပြည်သူလွှတ်တော် ကိုယ်စလှယ် ဦးတင်နုအောင်က ဆိုပါတယ်။
" အစိုးရပေး လျှော်ကြေးငွေက သူတို့ အတွက် ခြံစည်းရိုးတောင် ခတ်ဖို့ မပြည့်ဘူးဆိုဒါ ကျနော် သိတယ် ဒါကြောင့် ကျနော်တို့ သူတို့ ဒေသခံ နှစ်ဦး နစ်နာမှာစိုးတဲ့အတွက် မြေနေယာချပေးမယ် ပြောင်းရွှေ့ခပေးမယ် ဆိုပြီးပြော တယ် ဒါကို သူတို့လက်မခံဘူး ဒါဘာကြောင့်လဲ ဆိုဒါ ကျနော်တို့ မေးစရာ မေးခွန်းဖြစ်လာတယ်"ဟု သူကဆိုပါ တယ်။
အဆိုပါ ပြည်သူ့လွှတ်တော် ကိုယ်စလှယ် ချမှတ်ပေးသော မြေနေရာမှာ လူနေသော နေရာများ မဟုတ်သလို သူတို့ ပိုင်ဆိုင်သော လျှော်ကြေးငွေ တန်ုဖိုး နှင့် ကိုက်ညီမှု့ မရှိဒါကြောင့် သူတို့ ပေးသော လျှော်ကြေးငွေကို မယူဒါ ဖြစ်တယ် ဟု လျှော်ကြေးငွေ မယူသေးသူ ဦးဖြူသီးခိုင် ကဆိုပါတယ်။
"သူတို့ ချပေးတဲ့နေရာကတော့ ဘဲအင်းစာသင်းကျောင်းရှေ့မှာပေါ့ အဲနေရာက လူနေတဲ့ နေရာလဲ မဟုတ်ဘူး ပြီးတော့ ကျနော်တို့ နေတဲ့ နေရာ တန်ဖိုးနှင့် လဲကိုက်ညီမှု့ မရှိဘူး အဲဒါကြောင့် မယူနှိင် ဆိုဒါကိုလဲ သူတို့ကို ပြောပြီးပြီဟု "သူကဆိုပါတယ်။
လျှော်ယဉ်ကွင်းလျှော်ကြေးငွေ မယူသေးသူ နှစ်ဦး မှာ ဦးဖြူသီးခိုင် နှင့် ဦးသာနီ တို့ ဖြစ်ကြပြီး အဆိုပါ နှစ်ဦးမှာ လယ်ယာမြေပေါ်တွင် အခြား အသုံးပြု နည်း လျှောက်ထားခြင်း မရှိဘဲ အိမ်ဆောက်လုပ်နေမှု့ကြောင့် ၂၀၁၆ ခုနှစ် လယ်စီမှ လယ်ယာမြေ ဥပဒေပုဒ်မ (၃၅)ဖြင့် တရားစွဲဆိုခဲ့ပြီး ၂၀၁၇ ခုတွင် မာန်အောင်မြို့ တရားရုံးမှ ထောင်ဒဏ် ၇ လ ကျခံစေရန် အတွက် ကို အမိန့် ချမှတ်လိုက်ပြီး မကြာသေးခင် အချိန်က မှ ပြန်လည်လွှတ်မြောက်လာသေးဒါ ဖြစ်တယ်ဟုလဲ သိရှိရသည်။
http://aungkaungpyizawblogspot.com/

မာန်အောင်လေဆိပ်မြင်ကွင်း

Comments