တံတားဆောက်လုပ်ရာတွင် အသုံးပြုသော ဘိုးဝိုင်း တိုင်တူးစက် နှင့် ငြိကာ လူတစ်ဦး သေဆုံး
အောင်ကောင်းဇော် http://aungkaungpyizw.blogspot.com
December 15,
မာန်အောင်မြို့နယ် ဘူးရည်မျက် အုပ်စု ပန်းခြံချောင်း တံတား ဆောက် လုပ်ရာတွင် အသုံးပြုသော Mini ball pine နှင့် ငြိကာ ဒီဇင်ဘာလ ၁၄ ရက် ညနေ ၅ နာရီ ခွဲ အချိန်က လူဦးသေဆုံးမှု့ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
 အဆိုပါသေဆုံးသူမှာ တံတားဆောက်လုပ်ရေးအဖွဲ့ ၂ ၊တံတား အထူးအဖွဲ့ (၈) မှ အလုပ်သမား တစ်ဦးဖြစ် သော ဧရာဝတီတိုင်းဒေသကြီး၊ငပုတော မြို့နယ် ၊သက္ကယ်ချောင်း ကျေးရွာ မှ ကိုထိုက်ဆိုသူ ဖြစ်ကြောင်း သိရှိ ရသည်။
ဖြစ်စဉ်မှာ အဆိုပါ ဘိုးဝိုင်းစက် အနီး ချည်နှောင် ထားသော နိုင်လွန်ကြိုး အား ခြေထောက် ဖြင့် ငြိကာ လျှော် လဲရာမှ စက် အရှိုန် ဖြင့် လည် ပတ်နေသော ဘိုးဝိုင်းစက် နှင့် ကြိုး ငြိကာ စက် အတွင်း ခြေထောက် ညပ်ပါ သွားပြီး သွေးထွက် လွန်ကာ သေးဆုံး ခြင်း ဖြစ် တယ် ဟု ကနဦး စစ်ဆဲ မေးမြန်း ချက် အရ သိရှိ ရတယ် ဟု မာန်အောင်မြို့နယ် ရဲစခန်း မှ ရဲ အရာ ရှိ တစ်ဦးက  ဆိုပါတယ် ။
"ဖြစ်ဒါက တော့ မနေ့ ညနေက အဲဒီ တံတား ပြု လုပ် ဒါမှာ အသုံးပြုတဲ့ ဘိုးဝိုင်းပိုက် အနားမှာ ချည် ထားတဲ့ နိုင်လွန် ကြိုး မှာ ငြိပြီးလျှော်လဲ ရာကနေ စက် အရှိန် နှင့် လည်ပတ်နေတဲ့စက်ထဲ မှာ ခြေထောက် ပါ ကြိုးပါ ငြိပြီး အော်နေဒါကို သူအကို က သွားပြီး ကြည့် ချိန်မှာ ခြေထောက် နှစ်ဖက် စလုံးကို ပိုက်ကပြတ်ထား ပြီး သွေးထွက် လွန်ပြီး ဆေးရုံသို့ အလာ လမ်းမှာ သေဆုံး သွားတယ် ဟု သိရှိ ရတယ် ဟု သူ ကဆိုပါတယ်။
အဆိုပါ ကိစ္စ နှင့် ပတ်သက်ပြီး သေဆုံးသူအား ဓမ္မတာ သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန် အတွက် မာန်အောင် မြို့နယ် ဆေးရုံသို့ အလောင်း အား ပို့ ဆောင်ထားပြီး သေမှု့သေခင်း အမှတ်စဉ် (၈/၂၀၁၈ )ဖြင့် ဒုရဲအုပ် ပြည့်ဖြိုးကိုကို မှ တရား လိုပြုလုပ်ကာ အမှု့အား စစ်ဆဲ ဆောင် ရွှက် လျှက် ရှိကြောင်း သိရှိရသည်။

Comments