မာတ်အောင်မီးပြ အနီး သဘောင်္နစ်၍ ပျောင်ဆုံးနေသူ ၁၈ ဦးထဲမှ ၈ ဦးအလောင်းကို တွေ့ရှိ


  1. မာန်အောင်မီးပြအနီး သင်္ဘောနစ်၍ ပျောက်ဆုံးနေသူ ၁၈ ဦးထဲမှ လူ ၈ ဦးအလောင်းတွေ့ ရှိ………aungkaungzawblog.com


 ဖေဖော်ဝါရီ ၁၂  အောင်ကောင်းဇော်

မာန်အောင်မြို့နယ်ရှိ လက်ဖက်ကျွန်းမီးပြတိုက် အနီး နစ်မြုပ်သွားသည့် သင်္ဘောမှ အလောင်း ၈ လောင်းကို လက်ရှိ ဆယ်ယူရရှိထားပြီဟု သိရသည်။

ဆယ်ယူရရှိသည့် အလောင်းများမှာ ဦးထွန်းထွန်း (သင်္ဘောကပ္ပတိန်)၊ ဦးထွန်းအောင် (သင်္ဘောအရာရှိ)၊ ကိုမြင့်ဇော် (အော်ပရေတာ)၊ ဦးကျော်ညွှန့်၊ ဦးသိန်းလွှင် (သင်္ဘောသား)၊ ဦးထွန်းဦး (သင်္ဘောသား)၊ ဦးမြတ်ဆွေ နှင့် ဦးတင်မောင်ဝင်းတို့ ဖြစ်ကြောင်းသိရှိရပြီး အဆိုပါ သေဆုံးသူ ရုပ်အလောင်းများကို မာန်အောင်မြို့နယ် စေတနာရှင် နာရေးကူညီရေး အသင်းမှ မာန်အောင်မြို့ နယ် ဆေးရုံး ရင်ခွဲ ရုံသို့  ဒီကနေ့ ညနေ ၅ နာရီ အချိန်က ပို့ဆောင်ရန် သယ်ယူသွားသည်ဟုသိရှိရသည်။

ပျောင်ဆုံးကာ ကျန်ရှိနေသော သူ ၁၀ ဦးကိုလဲ ဒေသအာဏာပိုင်များမှ ဆက်လက်ရှာဖွေ လျက် ရှိကြောင်း သိရှိရသည်။


ဆင်ပြောင် အမည်ရှိ သဘောင်္သည် ရခိုင်ပြည်နယ် မာန်အောင်မြို့၊ ဇီးတောကမ်းခြေနှင့် ၄ မိုင်အကွာတွင် လက်ဖက်ကျွန်းမီးပြတိုက် ပြုပြင်ရန်သွားရောက်စဉ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်က နစ်မြုပ်သွားခဲ့ဒါ ဖြစ်ပါတယ်။




Comments