ပြည်ပ ဖားမျိုး နှင့် ဒေသဖား များမျိုးစပ်ကာ မွှေးမြူမှု့များ အောင်မြင်မှု့ရရှိနေ………

ပြည်ပ ဖားမျိုး နှင့် ဒေသဖား များမျိုးစပ်ကာ မွှေးမြူမှု့များ အောင်မြင်မှု့ရရှိနေ………

aungkaungpyizaw.blogspot.com
အောင်ကောင်းဇော် မာန်အောင် ဇန်နဝါရီ ၃၁ /၂၀၂၀
ပြည်ပ ဖားမျိုးစိတ် နှင့် ဒေသဖား မျိုးစိတ် ပေါင်းစပ်ကာ ဖားသားပေါက် မွှေးမြူရေး လုပ်ငန်း စနစ်များ မှာ အောင်မြင် လျှက်ရှိကြောင်း သိရှိရသည်။
 ဖားမွှေးမြူရေး လုပ်ငန်းကို ၂၀၁၇ ခု နှစ်က စတင်ကာ လုပ်ဆောင်နေခြင်းဖြစ်ပြီး  ပြည်ပဖား တစ်မျိုးတည်း မွေးမျြူ လုပ်ဆောင်ရာတွင် ရာသီဥတုကိုက်ညီမှု့ မရှိဒါကြောင့် အသေအကြေ ပျက်စီး မှု့များ ရှိခဲ့ပြီး ယခု ဒေသဖားမျိုးစိတ်ဖြင့် သားဖောက်စနစ်ပြုလုပ်ကာ မွှေးမြူသည့်အခါမှသာ အောင်မြင်မှု့တွေ ရရှိလာတယ်ဟု ရခိုင်ပြည် နယ် မာန်အောင်မြို့ဖားမွေးမြူသူ ကိုကျော်ဆန်းထွေးကဆိုပါတယ်။
"ကျနော်လဖားမွေးဒါက ၂၀၁၇ ခုနှစ်က စတင်ပြီး မွှေးမြူလာတယ် ပြည်ပဖားသီးသန့် မွှေးကြည့်တော့ ဒီကရာသီဥတုနှင့်ကိုက်ညီမှု့ မရှိဒါကြောင့် သေကြေ ပျက်စီးမှု့တယ်များတယ် ၂၀၁၈ မှာတော့ ဒေသဖား တွေကို ဝယ်ပြီး ပြည်ပဖား နှင့် သဘာဝစနစ် မျိုးစပ်ပြီး သားဖောက်မှု့ပြုလုပ်တယ် အခုဆို အဆင် ပြေတယ် အောင်မြင်တယ်ဟု"ဆိုပါတယ်။
လက်ရှိတွင် ပြည်တွင်းဖြစ် ဒေသဖားများမှာ အလွန်တရာ ခြားပါးပြီး စားသုံးသူများ အတွက် လုံလောက်မှု့ မရှိဒါကြောင့် တစ်ခြား ပြည်ပမှ မှာယူစားသုံးနေကြရပြီး မြန်မာပြည်အတွင်းတွင် မွှေးမြူ ထုတ်လုပ်ရေး စနစ် တစ်ခု ဖြစ်ပေါ်လာဖို့ရန်ရည်ရွှယ်ကာ အဆိုပါ ဖားမွှေးမြူရေး စနစ်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရ သည်။
ဖားမွှေးမြူရေးလုပ်ဆောင်ရာတွင် ဖားအရွှယ်အစားအလိုက် ရောဂါပိုးမွှားမဖြစ်စေရန် ကာကွယ်ရေးနည်းစနစ် တွေကို အထူးလုပ်ဆောင် ရပြီးဖားများ စားသုံးရန်အစာ ပြုလုပ်ရေး စနစ်တွင် အခက်အခဲ ရှိနေဒါကြောင့် ဖားစာ ထုတ်လုပ်မှု့ နည်းစနစ်ကို အစိုးရ အနေဖြင့် ကူညီထောက်ပံ့ပေးဖို့လိုအပ်တယ်ဟု  ဖားမွှေးမြူသူ ကိုကျော်ဆန်းထွေး ကဆိုပါတယ်။
"ကျနော်တို့က ဖားမွှေးမြူရေး စနစ်မှာ ဖားတွေကို အရွှယ်အစားအလိုက် ခွဲပြီးထိန်းသိမ်းစောင့်ရှောက်ရေး ပြုလုပ်ဖို့ အရေးကြီးတယ် ပြီးတော့ ဖားစာထုတ်လုပ်မှု့စနစ် အရမ်းအခက်အခဲရှိတယ် အခု ထိုင်း ဗီယနမ် စတဲ့ဖက်က အစာကို မှာယူနေရတယ် အဲဒါကြောင့် ပြည်တွင်းကဖားစာထုတ်လုပ်နိုင်တဲ့ ဖားစာထုတ်လုပ် နည်း နည်းစနစ်ကို အစိုးရ ကထောက်ပံ့ပေးဖို့လိုတယ်ဟု "သူကဆိုပါတယ်။
မြန်မာနိုင်ငံတွင် ဖားမွှေးမြူခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ်ကပင် စတင်ကာ စမ်းသပ်မွှေးမြူလာကြပြီး ဟော်မုန်း ဖြင့်သားဖောက်ခြင်း လုပ်ဆောင်မှု့ရှိသလို သဘာဝအတိုင်း ဖားသားဖောက် လုပ်ဆောင်သော နည်းစနစ်ဖြင့် လုပ်ဆောင် ကြသည်ဟု သိရှိရသည်။
ယခုအခါ ဖားမွေးမြူရေး စနစ်ကို  ရခိုင်ပြည်နယ် မြစ်ကြီးနား ရန်ကုန်တိုင်း ကရင်ပြည်နယ် မန္တလေးတိုင်း စသည့် ပြည်နယ်တိုင်းများတွင် မွေးမြူလျှက် ရှိပြီး ဖားသားပေါက် တစ်ကောင်လျှင် ၂၀၀ကျပ် အကောင်ကြီးတစ်ပိသာကို ၉၀၀၀မှ ၁၅၀၀၀ ကျပ်အထိ အရောင်းအဝယ်ဈေးဖြစ်လျှက် ရှိကြောင်းသိရှိရသည်။


Comments