ရခိုင်မှိုစိုက်ပျိုးသူ တွေ ဈေးကွက် အခက်တွေ့နေ…………

ရခိုင်မှိုစိုက်ပျိုးသူ တွေ ဈေးကွက် အခက်တွေ့နေ…………



အောင်ကောင်းဇော် (မာန်အောင်) ဖေဖဝါရီ ၁

ရခိုင်ပြည်နယ်အတွင်း မှိုစိုက်ပျိုးသူများ အနေဖြင့်စားသုံးသူ နည်းပါးပြီး ရောင်းချမှု့ ဈေးကွက်အ တွင်းတွင် အခက်တွေ့နေရကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ် အတွင်းတွင် ၂၀၁၇ ခုနှစ်ကပင် စတင်ကာ ငွေနှင်းမှိုစိုက်ပျိုးမှု့ကို စတင် စိုက်ပျိုး လာကြပြီး မှိုစိုက်ပျိုးသူ များရှိသော်လဲစားသုံးသူ နည်းပါးမှု့နှင့် ရင်ဆိုင်နေရဒါဖြစ်တယ်ဟု မြောက်ဦးမှိုစိုက်ပျိုးသူ ကိုသိန်းဌေး နိုင်ကဆိုပါတယ်။

"မိုစိုက်ပျိုးသူတွေ အနေနှင့် စားသုံးသူ အခက်အခဲ ရှိနေပါတယ် စားသုံးသူ နည်းတယ် ဒီမှိုက ဘဟ်လို အန္တရယ်မှ မဖြစ်ဘူး အစိုးရ အနေနှင့်မိုစိုက်တောင်သူတွေ တိုးတက်မှု့ ရှိလာစေဖို့ အကူအညီအထောက်အ ပံ့ပေးဖို့လိုတယ် နည်းပညာတွေ နှင့်ဈေးကွက်ကိုပေါ့ဟု"သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းတွင် မှိုစိုက်ပျိုးသူ အနေဖြင့် မှိုမျိုးစေ့များကို ရန်ကုန်မှ တစ်ဆင့် ဝယ်ယူစိုက် ပျိုးနေရဒါဖြစ်ပါတယ်။  မှိုစိုက်တောင်သူ များအနေဖြင့်တိုးတက်ကောင်မွန်လာစေရန် အစိုးရအနေဖြင့် ဈေးကွက်တစ်ခု ဖန်တီးပေးဖို့လိုအပ်တယ်ဟု မာန်အောင်မြို့နယ်မှ Need Myanmar သင်တန်းဆင်း မှိုစိုက်ပျိုးသူ ကိုဇွဲရန်နိုင် က ပြောဆိုပါတယ်။

"မှိုမျိုးစေ့ကိုတော့ ရန်ကုန်တို့ဖက်က မှာပြီးစိုက်ပျိုးနေရတယ် အစိုးရအနေနှင့် အကူအညီပေးဒါ မရှိသေးဘူး မှိုစိုက်တောင်သူတွေ အဆင်ပြေလာဖို့အတွက် အစိုးရကဈေးကွက်တွေ ဖော်ဆောင်ပေးဖို့လိုတယ် နည်းပညာ ပံ့ပိုးဖို့လိုတယ် ဟု "သူကဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းတွင် မှိုစိုက်ပျိုးသူ မှာ ၇%နှုန်းအထိ ရှိပြီး မှိုစိုက်ပျိုးသူများ ကို အစိုးရ အနေဖြင့် တစ်စုံတစ်ရာ ထောက်ပံ့မှု့ မရှိသေးကြောင်း မှိုစိုက်တောင်သူများကဆိုပါတယ်။ လက်ရှိတွင် စိုက်ပျိုး မှို တစ်ပိသာကို ၃၀၀၀ မှ၄၀၀၀ ဈေး များဖြင့်မှိုစိုက်ပျိုးသူများမှ ရောင်းချလျှက် ရှိကြောင်း သိရှိရသည်။

Comments