မြေငှားခ မရဘဲ ရွာပိုင်မြေအား တာဝါတိုင် ဆောက်ထားခြင်းအပေါ် ဒေသခံများ သိရန် လိုအပ်နေ………

မြေငှားခ မရဘဲ ရွာပိုင်မြေအား  တာဝါတိုင် ဆောက်ထားခြင်းအပေါ် ဒေသခံများ သိရန် လိုအပ်နေ………aungkaungzaw.blogspot.com
အောင်ကောင်းဇော် (မာန်အောင်)ဖေဖဝါရီ ၂

ရခိုင်ပြည်နယ် မာန်အောင်မြို့ သစ်ပုံ ကျေးရွာ ရွာပိုင်မြေပေါ်တွင် ဒေသခံများအား မြေငှားရမ်းခ မပေးဘဲ  MPT တာဝါတိုင် တည်ဆောက်ခြင်း ထားခြင်းကို အစိုးရ အနေဖြင့် အဘယ်ကြောင့် မြေငှားရမ်းခ မပေးဆောင် သည့်အပေါ် ရှင်းပျြရန် ဒေသခံများအနေဖြင့် လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တာဝါတိုင် တည်ဆောက် ခြင်းကို ၂၀၁၄ ခုနှစ်က စတင်တည်ဆောက်ခဲ့ဒါဖြစ်ပြီး တာဝါတိုင် တည် ဆောက်မည့်ကိစ္စဖြင့် ဒေသခံများ အပေါ် အသိပေးခြင်း မရှိဘဲ တည်ဆောက်ခြင်း အပေါ် ဒေသခံ များ အနေဖြင့် သဘောတူကျေနပ်မှု့ မရှိဖြစ်နေတယ်ဟု သစ်ပုံ အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်သိန်း က ဆိုပါတယ်။

"ကျနော်တို့ သစ်ပုံ ကျေးရွာ ရွာပိုင်မြေမှာ ၂၀၁၄ ခုနှစ်က MPT တာဝါတိုင်း တစ်ခု လာဆောက်ခဲ့ပါတယ် အဲဒါဆောက်ဒါကို ဒေသခံတွေကိုလဲ အသိမပေးဘူး ဆောက်ထားဒါကိုဘဲ တွေ့နေတယ် ကျန်တာ ဘာ အကြောင်း အရင်းကိုမှမသိဘူး အခု မာန်အောင်မှာ ဆက်သွယ်ရေး တာဝါတိုင်တွေဆောက်ဒါ ပြည်သူ နှင့်တွေ့တယ် ပြီးတော့ မြေငှားရမ်းခတွေ ရကြတယ် ဒါပေမဲ့ ကျနော်တို့ ဆီမှာ ဘာမှမရဘူး အကြောင်း အရင်းကိုလဲ မသိဘူး ဒါကို သိဘာကြောင့်လဲ ဆိုဒါကိုသိချငိတယ်ဟု"သူကဆိုပါတယ်။

အဆိုပါ ဆက်သွယ်ရေး တာဝါတိုင်တည်ဆောက် ခြင်းကို ဒေသခံ အနေဖြင့် ကျေးရွာ အတွက်ရပိုင်ခွင့် လုပ်ပိုင်ခွင် ရှိလာစေရန်အတွက် ရခိုင်ပြည်နယ် အစိုးရထံ နှုတ်ဖြင့် စာဖြင့် တင်ပြတောင်း ဆိုမှု့တွေ ပြုလုပ် ထားသော်လဲ အစိုးရအနေဖြင့်  အကျိုး အကြောင်းတစ်စုံတစ်ရာကို ယခုအချိန်ထိ ရှင်းလင်း ပြောပြမှု့မရှိသေးဘူးဟု ဒေသခံများက ဆိုပါတယ်။

အဆိုပါ ကိစ္စ တင်ပြထားခြင်း အပေါ် ဆက်သွယ်ရေး ဝန်ကြီး ဌာနအနေ ဖြင့် တစ်နိုင်ငံလုံး တန်းတူ ဖြစ်စေရန် ဆက်သွယ်ရေး ဝန်ကြီးနှင့် အမြန်ဆုံးဆက်သွယ်ကာ အလျှင်အမြန် စိစစ်ဆောင်ရွှက် ပေးဖို့ လိုအပ်တယ်ဟု နိုင်ငံတော် တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၉ ရက် နေ့ မာန်အောင် ဆိုလာ စက် ရုံဖွင့်ပွဲ အခမ်း အနားတွင်ဆက်သွယ်ရေးဒုဝန်ကြီး ဦးကျော်မျိုး အား မှာကြား ခဲ့ကြောင်း သိရှိရသည်။
ယခု အခါမာန်အောင် ဒေသတွင် ဆက်သွယ်ရေး တာဝါတိုင် တစ်ခု တည်ဆောက်လျှင် မြေငှားခငွေတစ်လလျှင် ၂၅၀၀၀၀ ကျပ်မှ ၅၀၀၀၀၀ကျပ်အထိ ဈေးများ ပေးကာ မြေငှားရမ်းခပေးကာ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်နေကြပြီး မာန်အောင် မြို့နယ်တွင် MPT telenor My tel ဆက်သွယ်ရေး လိုင်း ၃ ခုသာ ရှိကြောင်း သိရှိရသည်။

Comments