မာန်အောင်တွင်ပထမအကြိမ် မူယစ်ပညာပေး ကမ်ပိန်း တစ်ခုပြုလုပ်

မာန်အောင်တွင်ပထမအကြိမ် မူယစ်ပညာပေး ကမ်ပိန်း တစ်ခုပြုလုပ်
အောင်ကောင်းဇော်  ဖေဖဝါရီ ၁၄
မာန်အောင်မြို့နယ်တွင် ဒီကနေ့ ဖေဖဝါရီ ၁၄ ရက်နေ့က မူယစ်ဆေးဝါး မသုံးစွဲဖို့ ရန်အတွက်  အလင်းအိမ် မာန်အောင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှ ဦးဆောင်ကာ ပထမ အကြိမ် ကမ်ပိန်း အသိပညာပေး တစ်ရပ်အနေဖြင့်လုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။

ဒေသအတွင်းမှလူကြီးလူငယ်တွေ အနေဖြင့်မူးယစ်ဆေးဝါး သုံးစွဲခဲ့လျှင့် ဆိုးကျိုး ကောင်းကျိုး ဘယ်လိုရှိတယ်ဆိုဒါကို သိစေချင်သောကြောင့် အခုလို ကမ်ပိန်း တစ်ခုကို ပြုလုပ်ဆောင်ရွှက်ဒါဖြစ်ပြီး ဒေသအတွင်းရှိ ပြည်သူများအနေဖြင့်လဲပူးပေါင်းပါဝင်စေချင် တယ်ဟု အလင်းအိမ်မာန်အောင်လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဌကဆိုပါတယ်။

"မမြေမြတ်ဖြိုး က မူးယစ်ဆေးဝါး ဆိုဒါက မကောင်းဘူးဆိုဒါကို လူအများ သိစေချင်တယ် ပြီးတော့ အခုလို လုပ်ရပ်အပေါ် ဒေသကပြည်သူတွေ အနေဖြင့်လဲ ကူညီပေးစေချင်တယ် ပြီးတော့ မူးယစ်ဆေးဆိုးကျိုး တွေကိုလဲ သိစေချင်လို့ ခုလို ပြုလုပ်ဒါဖြစ်တယ်ဟု ဆိုပါတယ်။

မာန်အောင်ဒေသအတွင်းတွင် မူးယစ်ဆေးဝါး အသိပညာပေး အနေဖြင့်စာသင်ကျောင်း များတွင် လူမှု့အဖွဲ့အစည်းအနေဖြင့်အခုလို လက်ကမ်းစာစောင် ကပ်ခြင်း များကို ပထမအကြိမ် ပြုလုပ်ဒါဖြစ်ပြီး နောက်ပိုင်းတွင် ဟောပြောပွဲတွေ ပြုလုပ်ပေးဖို့ ရှိတယ်ဟုလဲအဆိုပါ အဖွဲ့တွင် ပူးပေါင်း ပါဝင် လူပ်ခြားသူ တစ်ဦးကဆိုပါတယ်။

"ကိုခန့်ဝေလင်းက အခုလို ပြုလုပ်ဒါက မာန်အောင် မြို့ပေါ် စာသင်ကျောင်းတွေမှာ လိုက်ကပ်ဒါပါ နယ်တွေ ဘက်ကိုတော့မပါသေးဘူး ပြီးတော့ ဒါပထမအကြိမ် လုပ်ဒါ မာန်အောင်မှာဆိုရင် နောက်ထပ်ဟောပြော ပွဲတွေလုပ်ဖို့လဲ ရှိတယ် မူးယစ်ဆေးဝါး ကမာန်အောင်မှာ တော်တော် ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲ နေကြတယ်လို့သိရတယ် ဘယ်လောက် ရာခိုင်နှုန်းဆိုဒါတော့ မသိဘူး ဟု သူကဆိုပါတယ်။

အခုလို လူငယ်များအနေဖြင့် မှုးယစ်ဆေးဝါး ကိစ္စဖြင့်လက်ကမ်းစာစောင်ဖြန်ဝေခြင်း များပြု လုပ်လာခြင်းမှာကောင်းသော အကျိုးဆက်တစ်ခု ဖြစ်ပြီး မြို့နယ်အတွင်းရှိ တစ်ခြားလူမှု့အဖွဲ့ အစည်း များ အစိုးရ ဌာနများ နှင့်ပါ အတူတကွ ပူပေါင်းလုပ်ဆောင်လျှင် ပိုမို ထိရောက် မှု့ ရှိလာနိုင်မှာဖြစ်တယ်ဟုလဲ ဒေသခံ တစ်ဦးက အကြံပြု ပြောဆိုပါတယ်။

"ဦးစည်သူအောင် က အခုလို လူငယ်တွေ အနေဖြင့် လူပ်ခြားမှု့ပြုလုပ်ဒါကို ဝမ်းသာတယ် ကြိုဆိုတယ် ဒါပေမဲ့မြို့ပေါ် ဌာနဆိုင်ရာ လူကြီးအဖွဲ့ အကုန်လုံးနှင့်ပေါင်းစပ်ပြီး လုပ်ရင် ပိုထိရောက်မယ် လို့မြင့်တယ်  အရင်တုန်းက အခုလို လှုပ်ခြားမှု့ မရှိဘူး လူငဟ်တွေ အနေနှင့် ဝမ်းသာစရာ အခုလိုလုပ်ဒါ မာန်အောင်မှာက ကျန်ခဲ့တဲ့ နှစ်တုန်းကတော့ ဖမ်းတယ် မှုးယစ်မှု့တွေ အခုလဲ သုံးစွဲသူ ရှိတယ်လို့ကြားတယ် မဖမ်းတော့ မသိရဘူးပေါ့ ကောလဟာလ လိုဖြစ်နေဒါပေါ့ဟုဆိုပါတယ်။

မာန်အောင်မြို့နယ်တွင် ၂၀၁၉ခုနှစ်ကမူးယစ်ဆေးဝါး အမှု့ ၃ မှု့ကို သင့်ဆိုင်ရာ ရဲဌာနမှ ဖမ်းဆီးခဲ့ပြီး ယခုနှစ်တွင် မှုးယစ်မှု့ဖြင့် ဖမ်းဆီ အရေးယူခြင်း မရှိသေးဘူးဟု ရဲစခန်းပြောဆိုချက်အရသိရှိရသည်။




aungkaungpyizaw.blogspot.com
မာန်အောင်တွင် လူငယ် လူကြီးတွေ အကြား မှုးယစ်ဆေးဝါး သုံးစွဲမှု့ ရှိနေတယ်ဟု ဒေသ အတွင်းမှ လူငယ်များ အနေဖြင့်သုံးစွဲနေတယ်ဟုသိရှိရပြီး ယခုကဲ့ သုံးစွဲနေခြင်း ကို သင့်ဆိုင်ရာ ဌာန အနေဖြင့်ပြည်သူနှင့်ပူးပေါင်းကာ ဖမ်းဆီးအရေးယူဖို့ လိုအပ်တယ်ဟု ဒေသခံများက ဆိုပါတယ်။

Comments