မာန်အောင်မြို့နယ် မှ သဲထုတ်လုပ်မှု့ ကိစ္စဖြင့် လာရောက် ညှိ့နှိုင်းသော ကုပ္ပဏီကို ဒေသခံ များ လက် ခံမည် မဟုတ်ဟုဆို…………

မာန်အောင်မြို့နယ် မှ သဲထုတ်လုပ်မှု့ ကိစ္စဖြင့် လာရောက် ညှိ့နှိုင်းသော ကုပ္ပဏီကို ဒေသခံ များ လက် ခံမည် မဟုတ်ဟုဆို…………

aungkaungpyizaw.blogspot.com
အောင်ကောင်းဇော်   ဖေဖဝါရီ ၁၆

မာန်အောင် ကျွန်းပင်လယ်ပြင်မှ သဲထုတ်လုပ်ခွင့် ပြုလျှင်   မြို့အဝင်ချောင်းကို အချိန်း မရွှေး သင်္ဘော များ ထွက်ဝင်းသွားလာနိုင်အောင် ပြုလုပ်ဆောင်ရွှက်ပေး မည်ဟု ဆိုကာ မာန်အောင်မြို့ လူမှု့ အဖွဲ့ အစည်း နှင့် မြို့မိမြို့ဖ များကို ခေါ်ယူကာ အထွေးထွေ အုပ်ချုပ်ရေးမှု့ ရုံးတွင်  ဖေဖဝါရီ ၁၀ နေ့ကတွေ့ဆုံက ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လာရောက် ညှိနိုင်းသော ကုပ္ပဏီမှာ NA ENERGY ENGINEERING GROUP (GUANGDONG POWER ENGINEERING CO.……LTD)ဖြစ်ပြီး မာန်အောင် မြို့ အဝင်ချောင်းကို ၁မိုင်ခန့် တူးဖော်ပေးမှာဖြစ်ပြီး မာန်အောင်မီးပြ နှင့် ဝပျက်ချောင်း အနီးက သဲများကို စုတ်ယူခွင့်ပြုရန် တောင်းဆိုမှု့ကို ဒေသခံ များ အနေဖြင့် လက်မည် မဟုတ်ဟု မာန်အောင် မြို့ စေတနာရှင်လူငယ်အဖွဲ့မှ ကိုကျော်မိုးနိုင်က ဆိုပါတယ်။

"ကျနော်တို့ကို မြို့အဝင်းချောင်းကို တူးပေးမယ် ပြီးတော့ ပေါ်ကျွန်းက သဲကို စုပ်ယူဖို့ ပြောတယ် ကျနော်တို့ ကျွန်းက ပေါ်ကျွန်း ဖြစ်နေတော့ ဒီကိစ္စကိုလက်ခံလို့ မရဘူး သဲကိုသင်္ဘော နှင့်စုပ်ယူဒါက ဘယ်နေရာမှာ ဘယ်လို ဖြစ်နေတယ်ဆိုဒါမသိရဘူး ကျွန်းတစ်ခုခုဖြစ်ရင် ကျနော်တို့ ပြည်သူတွေဘဲ အခက်တွေ့မှာ လက်မခံ နှိင်ဘူးဟု "သူကဆိုပါတယ်။

မြို့အဝင်ချောင်းကို တူးဖော်ရာတွင် အဆိုပါ ကုပ္ပဏီ အနေဖြင့် အမေရိကန်ဒေါ်လာ ၁၀၀၀၀၀ နီးပါးထိ ကုန်ကျမှာဖြစ်ပြီး ယခု ကျွန်းအနီးက သဲစုပ်ယူရရှိမှု့ဖြင့် ဆိုလျှင် အရှုံးဖြစ်နိုင်သေးသလို ရခိုင်ပြည်နယ် ဖွံ့ဖြိုး ရေး အနေဖြင့် လုပ်ဆောင် ပေးစေချင်ဒါဖြစ်တယ်ဟု အဆိုပါကုပ္ပဏီ  မှ မန်နေးဂျင်းဒါရိတ်တာ ဦးကျော်မင်း ဦးက ဒေသခံ တွေ့ဆုံပွဲမှာဆိုပါတယ်။

"ကျနော်တို့ ဒီကသဲက ခန်းမှန်ခြေ တန်ချိန် ၁သန်းခွဲလောက်ဘဲ ရမှာ ကျနော်တို့က ရခိုင်ပြည်က သဲတော်တော်များများက နိုင်ငံခြားဈေးကွက်မဝင်ဘူး ကျနော်တို့ ကုပ္ပဏီက အကျိုးအမြတ်လိုလို့ လုပ်ဒါမဟုတ်ဘူး မာန်အောင်ကျွန်း ရခိုင်ပြည်နယ်တိုးတက်ဖို့ လုပ်ဒါပါပြီးတော့ နောက်ထက် ဒီသဲ စီမံကိန်း နှင့်မှီပြီး ဒေသဖွံ့ဖြိုးရေး လျှပ်စစ်မီး တွေ ဟိုတယ်ခရီသွားလုပ်ငန်းတွေ အများကြီးလုပ်သွားမှာ ဟုသူကဆိုပါတယ်။

မာန်အောင်မြို့နယ်သည် အဓိကရေကြောင်းတစ်ခုကို အားထားသွားလာနေရပြီး ချောင်းကိုလိုချင်လျှင် ဒေသခံ များအနေဖြင့်မြေကို ပေးဆပ်ရမှာဖြစ်ပြီး ဒီကိစ္စကတော့ ကျွန်းအတွက်ရလဒ်ကောင်း မရှိဒါကြောင့် စဉ်းစား သင့်တယ်ဟု မြို့သစ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ကဆိုပါတယ်။
"ဒါကတော့ ရလဒ်ကောင်းတော့မဟုတ်ဘူးပေါ့ ဒါပေမဲ့ ချောင်းကို တူးဖို့ လုပ်ချင်ရင်တော့ သဲကိစ္စကို လက်ခံရ မယ်အစည်းအဝေးမှာလဲ လူငယ်အဖွဲ့ပြောဒါကို ကျနော်တို့ စဉ်းစားတယ် ထောက်ခံခဲ့တယ် ဒါပေမဲ့ သူတို့ပြောဒါမှာ ကောင်းကြိုးပါသလို ဆိုးကျိုးလဲ ဖြစ်လာနိုင်တယ်ဟု "သူကဆိုပါတယ်။

မာန်အောင်မြို့နယ်အတွင်းမှ တောင်ကုတ်ကို သွားရောက်ရန် ရေလမ်းကြောင်းမှာ အမြန်ရေယဉ် ဖြင့်သွားလာနေကြရပြီး မာန်အောင်မြို့အဝင်ချောင်း ရေတိမ်နေမှု့ကြောင့် ဖျားချိန်မမှိလျှင် အမြန်ရေ ယဉ်များ အနေဖြင့် ရပ်နားကာ စောင့်ဆိုင်းနေရသလို ခရီသယ်များအနေဖြင့် အချိန် ကြန့်ကြာမှု့တွေ ရှိနေပြီး မိုးရာသီ ဆိုလျှင် ရာသီဥတု ဒဏ်ကြောင့် တစ်စုံတစ်ရာ ဖြစ်မှာ စိုးရိမ်သောကြောင့် အစိုးရ အနေဖြင့် တူးဖော် ပေးဖို့ ရန် လိုအပ်တယ်ဟု ဒေသခံများကဆိုပါတယ်။

Comments