တောင်ကုတ်-သံတွဲခရီးသည်ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

တောင်ကုတ်-သံတွဲခရီးသည်ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

အောင်ကောင်းဇော်|
ဖေဖော်ဝါရီ ၂၊တောင်ကုတ်

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှ နှစ်မိုင်ခန့်အကွာ ဖုန်ညိုတောင်သို့အတက်တွင် ခရီးသည်တင်ကားတစ်စီး တိမ်း မှောက်မှု ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မြို့နယ်မီး သတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ညနေ ၄ နာရီခွဲအချိန်က ခရီးသည် (၁၅)ဦးတင်ဆောင် လာသည့် တောင် ကုတ်-သံတွဲခရီးသည်တင်ယာဉ်တိမ်းမှောက်သွားခြင်းဖြစ်သည်။

 “ တောင်အတက်မှာ ကားဂီယာမနိုင်လို့ ပြန်ကျတာ။အမျိုးသမီးတစ်ဦးသေတယ်။ယောက်ျား၂ ယောက် ဒဏ်ရာရတယ်။တစ်ယောက်ကတော့ အတွင်းလူနာ စိုးရိမ်ရတယ်ပေါ့။ နောက်တစ်ယောက်ကတော့ စိုးရိမ်စရာ မလိုဘူး ”ဟု မီးသတ်ဦးစီးဌာန ဒုဦးစီး ဦးကျော်ဝင်းမောင်က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် (၃၀)နှစ်အရွယ် မခိုင်လေးဆိုသူဖြစ်သည်။ဒဏ်ရာရရှိသူ ဦးကျော်သိန်း နှင့် ဦးမောင်သောင်းတို့ကို တောင်ကုတ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

{ Unicode }

တောင်ကုတ်-သံတွဲခရီးသည်ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

အောင်ကောင်းဇော်|
aungkaungzaw.blogspot.comဖေဖော်ဝါရီ ၂၊တောင်ကုတ်

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့မှ နှစ်မိုင်ခန့်အကွာ ဖုန်ညိုတောင်သို့အတက်တွင် ခရီးသည်တင်ကားတစ်စီး တိမ်း မှောက်မှု ကြောင့် အမျိုးသမီးတစ်ဦး သေဆုံးသွားပြီး အမျိုးသားနှစ်ဦးဒဏ်ရာရရှိသွားသည်ဟု မြို့နယ်မီး သတ်ဦးစီးဌာနမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ညနေ ၄ နာရီခွဲအချိန်က ခရီးသည် (၁၅)ဦးတင်ဆောင် လာသည့် တောင် ကုတ်-သံတွဲခရီးသည်တင်ယာဉ်တိမ်းမှောက်သွားခြင်းဖြစ်သည်။

 “ တောင်အတက်မှာ ကားဂီယာမနိုင်လို့ ပြန်ကျတာ။အမျိုးသမီးတစ်ဦးသေတယ်။ယောက်ျား၂ ယောက် ဒဏ်ရာရတယ်။တစ်ယောက်ကတော့ အတွင်းလူနာ စိုးရိမ်ရတယ်ပေါ့။ နောက်တစ်ယောက်ကတော့ စိုးရိမ်စရာ မလိုဘူး ”ဟု မီးသတ်ဦးစီးဌာန ဒုဦးစီး ဦးကျော်ဝင်းမောင်က ပြောသည်။

သေဆုံးသူ အမျိုးသမီးမှာ အသက် (၃၀)နှစ်အရွယ် မခိုင်လေးဆိုသူဖြစ်သည်။ဒဏ်ရာရရှိသူ ဦးကျော်သိန်း နှင့် ဦးမောင်သောင်းတို့ကို တောင်ကုတ်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ထားသည်။

ပုံစာ-ခရီးသည်တင်ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသွားသည်။ဓာတ်ပုံ- Mahar Nwe

Comments