မိုးရွားသွန်းမှု့ နည်းခြင်းကြောင့် ပဲစိုက်တောင်သူများ မြေပဲ စိုက်ပျိုးမှု့ မပြုလုပ်ရ………

 မိုးရွားသွန်းမှု့ နည်းခြင်းကြောင့် ပဲစိုက်တောင်သူများ မြေပဲ စိုက်ပျိုးမှု့ မပြုလုပ်ရ………


aungkaungzaw.blogspot.comအောင်ကောင်းဇော် မာန်အောင် ဖေဖဝါရီ ၎
မာန်အောင် မြို့နယ် တွင် မြေပဲစိုက်ပျိုးရန် မိုးရွာသွန်းမှု့ နည်းခြင်းကြောင်း မြေအစိုဓာတ် မရရှိဘဲ မြေပဲစိုက် ပျိုးရန် အခက်တွေ့နေပြီး  မြေပဲစိုက်ပျိုးရေး မပြုလုပ်လိုက်ရကြောင်း  အရသိရှိရသည်။
မြေပဲစိုက်ပျိုးရန်အတွက်ကို တောင်သူများ အနေဖြင့် ဒီဇင်ဘာ လမှ စတင်ကာ လုပ်ဆောင် ကြရပြီး ယခု နှစ်တွင် မိုးနည်းခြင်းကြောင့်  မြေပဲစိုက်ပျိုးရန် မြေချိန်မရခြင်း ဖြစ်တယ်ဟု မြေပဲစိုက် တောင်သူဦးတင်မောင်ဦး ကပြော ဆိုပါတယ်။
" ဆောင်းသီးနှံစိုက်ပျိုးရေး အတွက်က နောက်မိုး မရွာဒါကြောင့် ဆောင်အသီးအနှံစိုက်ပျိုးဖို့ မြေချိန် မမှီဘူးပေါ့  အဲဒါကြောင့် မစိုက်ပျိရဘူး  ဒီနှစ် မစိုက်လိုက်ရတော့ ဝင်ငွေလဲ မရှိဘူး ပေါ့ မြေပဲဘဲစိုက်မရဒါမဟုတ်ဘူး အခြားခြား သီးနှံတွေလဲ စိုက်ပျိုးလို့မရဘူး စားပင်သောက်ပင်တောင် စိုက်လို့မရလိုက်ဘူး ဒီနှစ် မိုး ခေါင်ဒါကြောင့် စပါး သီးနှံဆိုလဲ မအောင်ဘူးဟု"ဆိုပါတယ်။

မာန်အောင်မြို့နယ် အတွင်းရှိ လူဦးရေ ၅၀%တွင် တောင်သူများ ဖြစ်ကြပြီး မိုးရာသီ စပါးစိုက်ပျိုးမှု့ နှင့်ဆောင်းရာသီ မြေပဲစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် ဆောင်ရွှက်နေရပြီးယခု နှစ်ဆောင်းရာသီ မြေပဲစိုက်ပျိုးမှု့ မပြုလုပ်ရခြင်းကြောင့်တစ်နွေလုပ်အားခ ဆုံးရှုံးကာ စီးပွားရေး ထိခိုက် မှု့ တွေ ရှိတယ်ဟု မြေပဲစိုက်တောင် သူဦးနေလင်းအောင်က ဆိုပါတယ်။
 "ဒီနှစ်ဆောင်းအတွင်း မြေပဲ သီးပင်စားပင် မစိုက်လိုက်ရဒါကြောင့် အခက်အခဲ အများကြီးရှိတယ် တစ်နှစ် မှာ တစ်ရာသီ မလုပ်လိုက်ရဘူးဆိုတော့ ဝင်ငွေမရှိဘူး အစိုးရချေးငွေဆပ်ဖို့တောင် အခက်အခဲ ရှိတယ် နှစ်တိုင်ဆိုရင် ဆောင်သီးနှံစိုက် ပျိုးဒါက ငွေရတော့ ချေးငွေ ဆပ်ဖို့ အဆင်ပြေတယ် ကျနော် နှစ်တိုင်းဆိုရင် တင်း ၅၀ ထွက်လောက် စိုက်ပျိုးတယ် တစ်ဧက ကျော်ကျော်ပေါ့  ဒီနှစ်ကတော့ မစိုက်လိုက်ရဘူး နည်းနည်းဘဲ စိုက်လိုက်ရတယ် "ဟုပြောဆိုပါ တယ်။

မာန်အောင်မြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူများကို အဓိကထား လုပ်ကိုင်နေကြသော ဆီကြိုက်စက် လုပ်ငန်းရှင်များ အနေဖြင့်လဲ ယခု နှစ် မြေပဲစိုက်တောင်သူနည်းပါးဒါကြောင့်ဆီကြိုက်ရန် မြေပဲဆန် ကုန်ကြမ်း အခက်တွေ့မှာကို စိုးရိမ်မိတယ်ဟု ဆီစက်ပိုင်ရှင် ကိုညီဝင်းစိန်ကဆိုပါတယ်။

"တောင်သူတွေ ကမိုးနည်းတော့ မြေပဲစိုက်ဖို့ အခက်အခဲတွေ ရှိတယ်လို့ သိရတယ် ကျနော်တို့ လုပ်ငန်းရှင်တွေ ကလဲ သူတို့ကိုဘဲ အားထားပြီး အလုပ်လုပ်နေရဒါ ဆိုတော့က ကုန်ကြမ်း မရမှာကိုတော့ ကျနော်တို့ စိုးရိမ်တယ်ဟု ဆိုပါ" တယ်။

မိုးရာသီအတွင်းတွင် မိုးရွာသွန်းမှု့  နည်းပါး ခြင်းကြောင့် ယခုနှစ် အတွင်း စပါး များလဲ ထွက်နှုန်း မကောင်းခြင်းကြောင့် တောင်သူများ အနေဖြင့် စားဝတ်နေရေး အခက်တွေ့နေကြပြီး စိုက်ပျိုးစရိတ် အရှုံး ပေါ်နေတယ်ဟုလဲ တောင်သူများက ဆိုပါတယ်။

Comments