စာမေးပွဲပထမနေ့တွင် မာန်အောင်မြို့နယ်၌ ဖြေဆိုရန်ပျက်ကွက်သည့်ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးရှိ

စာမေးပွဲပထမနေ့တွင် မာန်အောင်မြို့နယ်၌ ဖြေဆိုရန်ပျက်ကွက်သည့်ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးရှိ

သတင်း၊ ဓါတ်ပုံ - အောင်ကောင်းဇော် | DMG
မတ်လ ၁၁ ၊ မာန်အောင်

မတ်လ ၁၁ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည့် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်စာမေးပွဲ ပထမနေ့တွင် မာန်အောင်မြို့နယ်မှ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မာန်အောင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၂၁၉ ဦးရှိခဲ့ပြီး ယနေ့စစ်ဆေးသည့် စာမေးပွဲပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၁၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၄ ခုတွင် စစ်ဆေးနေခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းက စာစစ်ဌာန ၁၀၇ ခုတွင် စစ်ဆေးနေကာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၀၀၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်က စာစစ်ဌာန ၂၀ ကို ပြောင်းရွှေ့စစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောဆိုထားသည်။

Unicode

စာမေးပွဲပထမနေ့တွင် မာန်အောင်မြို့နယ်၌ ဖြေဆိုရန်ပျက်ကွက်သည့်ကျောင်းသား၊ကျောင်းသူ ၁၀၀ ဦးရှိ

သတင်း၊ ဓါတ်ပုံ - အောင်ကောင်းဇော် | DMG
မတ်လ ၁၁ ၊ မာန်အောင်

မတ်လ ၁၁ ရက်နေ့တွင် စတင်စစ်ဆေးခဲ့သည့် ၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်စာမေးပွဲ ပထမနေ့တွင် မာန်အောင်မြို့နယ်မှ ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးခန့်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

မာန်အောင်မြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ ၁၂၁၉ ဦးရှိခဲ့ပြီး ယနေ့စစ်ဆေးသည့် စာမေးပွဲပထမနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၁၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၄ ခုတွင် စစ်ဆေးနေခြင်းဖြစ်သည်။

၂၀၁၉-၂၀၂၀ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ရခိုင်ပြည်နယ်အတွင်းက စာစစ်ဌာန ၁၀၇ ခုတွင် စစ်ဆေးနေကာ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၉၀၀၂ ဦးရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေကြောင့် မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ အမ်း၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့နယ်က စာစစ်ဌာန ၂၀ ကို ပြောင်းရွှေ့စစ်ဆေး သွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကပြောဆိုထားသည်။

သတင်း၊ ဓါတ်ပုံ - အောင်ကောင်းဇော် | DMG







aungkaungpyizaw.blogspot.com

Comments