မာန်အောင်မြို့ နတ်ပြင်ကျေးရွာအနီးတွင် အမည်မသိ အမျိုးသား အလောင်းတစ်လောင်းတွေ့ရှိ………
အောင်ကောင်းဇော် မတ် ၁၈ စာသတင်း
မာန်အောင်မြို့နယ် နတ်ပြင် ကြာချောင်း တွင် မတ်လ ၁၇ ရက်နေ့က အမည်မသိ အမျိုးသား အလောင်း တစ်လောင်းကိုတွေ့ရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အလောင်းကို နတ်ပြင်ကျေးရွာ ဒေသခံတစ်ဦးမှ အပုဒ်နံ ထွက်၍ သွားရောက် ကြည့်ရှု့ ရာတွင် တွေ့ရှိခဲ့ဒါဖြစ်ပြီးယခုအခါ အဆိုပါ အလောင်းကို မာန်အောင်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးလျှက် ရှိတယ်ဟု မာန်အောင်မြို့နယ် စခန်း မှ ကိုဇော်ဝင်းမြင့်က ဆိုပါတယ်။
"မနေ့ကတွေ့ဒါ ဘယ်သူဘယ်ဝါ ဆိုဒါမသိရသေးဘူး ဆေးရုံသို့ စစ်ဆေးဖို့ပို့ထားတယ် ဒီကိစ္စ နှင့်ပတ်သက်ပြီးလဲ စုံစမ်းနေတယ် ဘဟ်လိုသေတယ်ဆိုဒါတော့ မသိရသေးဘူး ဘေးနားမှာတော့ ပန်ကန်တွေ ဘာတွေတွေ့တယ် သေဒါ ၁ လလောက်ကြာပြီးထင်တယ် တော်တော်ပုတ်နေဒါ ဟု "သူကဆိုပါတယ်။
ယခုအခါ အဆိုပါသေဆုံးခြင်း နှင့်ပတ်သက်ပြီး မာန်အောင်မြို့နယ် ရဲစခန်းမှ သေမှု့သေခင်းဖြင့် အမှူ့ဖွင့်ဆောင်ရွှက်လျှက် ရှိတယ်ဟု သိရသည်။

Comments
Post a Comment